ပုသိမ်ကြီး ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာစံပြကျေးရွာတွင် မတည်ငွေသိန်း(၁၅၀)ဖြင့် ကျေးရွာစာကြည့်တိုက် ဆောက်လုပ်နေရာသို့ ယမန်နေ့ နံနက် ၉ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာကြည့်တိုက်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာကြည့်တိုက်ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်လွင်တို့က ရှင်းလင်း တင်ပြခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လုပ်ငန်းဆောင်ရွက်နေမှုအပေါ် လိုအပ်သည်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးနောက် နန္ဒာမြောက်ကျေးရွာ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့်မနောယျမကျေးရွာ ရွှေအိုးနွားမွေးမြူရေးခြံ နွားနို့နှင့်ဒိန်ချဥ်လုပ်ငန်း ဆောင်ရွက်ရာနေရာများသို့ သွားရောက်ကာ ကွင်းဆင်းကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)