မိုင်းဖြတ် ဒီဇင်ဘာလ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၄၈)ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲတော်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဈေးတန်းပရိယတ္ထိ စာသင်တိုက်၌ စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် ဈေးတန်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် (မဟာသဒ္ဒမ္မဇောတိကဓဇ) ဘဒ္ဒန္တဓမ္မပါလအမှူးပြု၍ သံဃာတော်များ၏ ကြည့်ကြပ်မှုဖြင့် စီစဥ်ကျင်းပခဲ့ရာ ဝိနည်း၊ သုတ္တန်၊ ဗုဒ္ဓဝင်ရေးဖြေသူ အငယ်တန်း (၂၄) ပါး၊ အလတ်တန်း (၈) ပါး၊ အာဂုန်ပြန်ဆို သံဃာ (၁၀၀) ပါးတို့က ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါစာပြန်ပွဲကို ဒီဇင်ဘာလ (၂၅) ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ၂၉ ရက်နေ့တွင် စာအောင်လက်မှတ် ဆက်ကပ်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၊ ဈေးတန်းပရိယတ္တိစာသင်တိုက်တွင် စာပြန်ပွဲတော်ကို ၁၉၇၆ ခုနှစ်မှ စတင်၍ ပထမအကြိမ် စီစဉ်ကျင်းပခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် (၄၈) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)