မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြု အဆုပ်တီဘီရောဂါရှာ‌ဖွေရေး လှုပ်ရှားမှုဆောင်ရွက်

မိုင်းစံ ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြု အဆုပ်တီဘီ‌ရောဂါရှာဖွေရေး လှုပ်ရှားမှုကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့ တိုက်နယ်ဆေးရုံမှ ဒေါက်တာ သူရကိုကိုနှင့် ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား မိမိတို့မိသားစုအတွင်း တီဘီဆေးသောက်သုံးနေရသူများ ရှိ၊ မရှိ မေးမြန်းခြင်း၊ တီဘီရောဂါ သံသယလက္ခဏာများ ရှိ၊မရှိ စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀) ဦးအား အဆုပ်တီဘီရောဂါ ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)