ကျောက်တန်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Bakery အမျိုးမျိုးထုပ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ကျောက်တန်း ဒီဇင်ဘာ ၂၅

Bakery အမျိုးမျိုးထုပ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ၂၄ ရက်နေ့ နေ့လည် (၁) နာရီက ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ သင်တန်းဆင်းအမှာစကားပြောကြားကာ သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးက ယခုလိုသင်တန်းဖွင့်လှစ်ခြင်းမှရရှိတဲ့အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးသန့်ဇင်ထွန်းမှ ယခုလိုသင်တန်းမျိုး မိမိဌာနရုံးတွင် ပူးပေါင်းဖွင့်လှစ်ခွင့်ရရှိခြင်းကြောင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်ယခုလိုသင်တန်း ထပ်မံဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်တာ၀န်ရှိသူများမှ သင်တန်းသူများအား ပေးအပ်ကာ သင်တန်းမှ ထုတ်ကုန်များကို သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးက သင်တန်းသူများကို ပေးအပ်ခဲ့​သည်။

သင်တန်းဆင်းပွဲကို ကျောက်တန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင် သန်လျင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဆွေဇင်အေးနှင့်တာ၀န်ရှိသူများ၊ ကျေးလက်ဦးစီးဌာနှမှ ဦးစီးမှူး ဦးထွန်း၀င်းလတ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်ဝင်း၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်နွယ်နွယ်ခိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းနှင့်၀န်ထမ်းများ၊ ကျောက်တန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ယာယီဥက္ကဋ္ဌ ဒေါ်ခင်အေးညွှန့်နင့်အဖွဲ့၀င်များ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့​ကြောင်း သိရသည်။

နေလင်းကျော် (ပြန်ဆက်)