ဒဂုံ ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အထွေထွေစီးပွားရေးလုပ်ငန်း မြို့နယ်သမဝါယမအသင်းစု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အသင်းသားများကို အစုပေါ်အမြတ်ငွေပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမတွင် ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ သဘာပတိ ဒေါ်ခင်စောဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းမှ သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမအသင်း ဥပဒေ၊နည်းဥပဒေများ ရှင်းလင်းပြောကြားခြင်း၊ ဆောင်ရွက်မည့် သမဝါယမအသင်းစု၏ ရှေးလုပ်ငန်းစဥ်များ ဆွေးနွေးခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းစာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားပြီး တက်ရောက်လာသောအသင်း၀င် (၃၀) ဦးအား တစ်ဦးလျှင် အစုပေါ်အမြတ်ငွေများနှင့်မြေပဲဆီသန့် တစ်ပိသာစီ ပေးအပ်ခဲ့ကြောင်း သိရသည်။
လဲ့လဲ့(ပြန်/ဆက်)