ကျောက်ပန်တောင်း နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် စားသောက်ဆိုင်များနှင့် လဘက်ရည်ဆိုင်များကို ဆိုင်ထိုင် စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြုရန်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီစွာဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို၊ ယနေ့ နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မင်းထွန်း ဦးဆောင်၍ မြို့ နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည်၊ ကျောက်ပန်း တောင်းမြို့ လယ်လမ်းမကြီး တစ်လျှောက်ရှိ စားသောက်ဆိုင်နှင့်လဘက်ရည်ဆိုင် စုစုပေါင်း(၁၅)ဆိုင်ကို ဝင်ရောက်စစ်ဆေး ခဲ့ကြပြီး၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက်များဖြစ်သော၊ ဆိုင်အဝင်ဝတွင် အပူ ချိန်တိုင်းတာခြင်း၊လက်ဆေးဘေစင်ထားရှိခြင်းနှင့် စားပွဲခုံတစ်ခုံနှင့် တစ်ခုံကြားတွင် ကတ်ထူပြား၊ မှန်ပြား၊ သစ်သားပြားတို့ ဖြင့် ကန့်လန့်ကာပြုလုပ်ထားရှိခြင်း၊ စားပွဲတစ်ခုံနှင့်တစ်ခုံ ၆ ပေခြားထားရှိ စေခြင်းအစရှိသည့် စံသတ်မှတ်ချက်(၁၁)ချက်နှင့် ဆိုင်တာဝန်ရှိသူများ၊ ဆိုင်ဝန်ထမ်းများလိုက်နာရန် အချက်(၇)ချက်ပါ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ဆောင်ရွက်ပြီးစီးပါက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့ထံ တင်ပြ၍ ဆိုင်ထိုင်စန်စဖြင့် ပြန်လည် ရောင်းချနိုင်ရေး လာရောက်စစ်ဆေးနိုင်ပါရန် တင်ပြသွားရန်နှင့် မြို့နယ်စစ် ဆေးရေးအဖွဲ့က ပြန်လည်စစ်ဆေးပြီး၊ သတ်မှတ်ချက်နှင့် ကိုက်ညီပါက ချက်ချင်းပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)