ကျောက်ဆည် ဒီဇင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများကျင်းပရာတွင် KG တန်းမှ Grade-5 အတန်းထိ အတန်းအလိုက် ကျောင်းသား၊ ကျောင်းသူလေးများက မီတာ(၁၀၀)အပြေး၊ အာလူးကောက်၊ အိတ်စွပ်၊ ခါးလှည့်ကွင်း စသည့် အားကစားနည်းမျိုးစုံတို့အား ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားဝါသနာပါလာပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်အတွက် အားကစားနည်းမျိုးစုံတို့ကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)