လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက် (၁၀) နာရီ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးအခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး လူမှု၀န်ထမ်းရုံးမှ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအတွင်းရေးမှူး မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က အစည်းအဝေးပြုလုပ်ရခြင်းနှင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Tdhl အဖွဲ့မှ တာ၀န်ရှိသူမှရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဌာန၊ အဖွဲ့အစည်းများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြောကြားကာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့၀င်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ (၃၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)