လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း ဖွင့်လှစ်

လှိုင်သာယာ(အရှေ့ပိုင်း)  ဒီဇင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်း၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရုံး၀န်ထမ်းများဖြင့် စာကြည့်တိုက်ပညာဆင့်ပွားသင်တန်း  ဖွင့်လှစ်သည်။

အဆိုပါသင်တန်းတွင် စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မျိုးတူစုလုပ်ငန်း၊ ရည်ညွှန်းစာအုပ်အမျိုးအစားများ၊ ထားသိုမှုစနစ်၊ မှတ်သားမှုစနစ်၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊ ကတ်တလောက်ရေးနည်း၊ စာငှားစနစ်နှင့် Digital Library Management System (DLMS) စနစ်အသုံးပြုနည်းတို့ကို ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက စာတွေ့လက်တွေ့ သင်ကြားပို့ချပြီး ၀န်ထမ်းများ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)