အင်းစိန်မြို့နယ်၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

ရန်ကုန် ဒီဇင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အခမ်းအနားမှူးသင်တန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့နံနက် (၁၀) နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်က အမွာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းနည်းပြအဖြစ် သင်ကြားပို့ချသည်။ သင်တန်းတွင် အခမ်းအနားမှူးတစ်ဦး၏တာဝန်နှင့်လုပ်ဆောင်ရမည့်အချက်များ၊ အခမ်းအနား (၂) မျိုး၊ အခမ်းအနားမှူး တစ်ယောက်၏အရည်အချင်း၊ အခမ်းအနားမှူး၏ဝတ်စားဆင်ယင်မှု၊ အသံပီသ ရှင်းလင်းရမည့်အချက်များ၊ မိုက်ကရိုဖုန်းအနေအထား၊ အခမ်းအနားမစတင်မီနှင့် ပြီးစီးချိန်တွင် ပြောရမည့်အချက်များ၊ အခမ်းအနားမှူးတစ်ယောက် ပြောရမည့် အဖြတ်အတောက်၊ လေယူလေသိမ်းနှင့် သတိပြုရမည့်အချက်များ၊ အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာသုံးစွဲပြောရမည့် အချက်များစသည်တို့ကို အင်းစိန်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဒီဇင်ဘာ (၂၃) ရက်နေ့မှ ဒီဇင်ဘာ (၂၅) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)