လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ဟောပြောပွဲ၊ စာအုပ်လှူဒါန်းပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်

လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စာပေဖတ်ရှုသည့်အလေ့အထများ တိုးပွားလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ ဟိဏ်းသစ္စာဂျာနယ်ထုတ်ဝေခြင်း နှစ်ပတ်လည်အထိမ်းအမှတ်နှင့် ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ အသိပညာဟောပြောခြင်း၊ စာအုပ်စာစောင် လှူဒါန်းခြင်းနှင့် စာအုပ်ပြပွဲများ အခမ်းအနားက်ု ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လယ် (၁) နာရီ၌ Community Center ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် သုတစာပေများသည် ဦးနှောက်အရည်အသွေးမြင့်မားတိုးတက်၍ အချက်ကျကျ စဉ်းစားတွေးခေါ်တက်ရန် အထောက်အကူပြုကြောင်း၊ ရသစာပေများသည် စိတ်နှလုံးစွမ်းရည်ပြည့်ဝပြီး စိတ်ဓာတ်ခိုင်မာရန် အထောက်အကူပြုကြောင်း၊ အတ္တုပ္ပတ္တိစာအုပ်များသည် အတုယူစရာများနှင့်ရှောင်ရန်၊ ဆောင်ရန်များကို လမ်းညွှန်ပေးကြောင်း စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းကို ဦးစီးအရာရှိမှ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများမှလည်း အပြန်အလှန်ဆွေးနွေးပြောကြားသည်။

အဆိုပါ ဟောပြောပွဲတွင် ဗိုလ်တစ်ထောင်စာရေးဆရာအသင်း ဦးတင်စိုးက သုတ၊ ရသစာအုပ် (၂၁) အုပ် လှူဒါန်းသော ဦးစီးအရာရှိ ဒေါ်ခင်ဝင်းမူက လက်ခံသည်။

ထို့နောက် ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုလျက်ရှိကြောင်းနှင့် ဟောပြောပွဲသို့ သတင်းစာဆရာများအသင်း၊ စာပေချစ်မြတ်နိုးသူ စာရေးဆရာများ၊ ကဗျာဆရာများ (၅၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)