ညောင်ရွှေ ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် စာကြည့်တိုက် ဆောက်လုပ်နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေမျိုးသူရိန်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်ဆောက်လုပ်ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက် ကော်တီဝင်များနှင့်တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်