ညောင်ဦး ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်း (စီမံ/ဘဏ္ဍာ) ဦးဆောင်၍ ယနေ့နံနက် ၇ နာရီက အိမ်တော်မီးပွိုင့်လမ်းဆုံမှတစ်ကာ မြင်းကပါကျေးရွာ ရှင်ရဲတစ် ထောင်ဘုရားစုကြားအထိ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းညို၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများ၊ ညောင်ဦးပြည်သူ့စစ် (ဌာနေ) မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ Plastic Campaign အဖွဲ့မှအသင်းဝင်အသင်းသားများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှဝန်ထမ်းများ စုစုပေါင်း အင်အား(၂၇၀)တို့သည် အိမ်တော် မီးပွိုင့်လမ်းဆုံ၌ စုရပ်ပြု၍ ၎င်းနေရာမှ မြင်းကပါ ရှင်ရဲတစ်ထောင်တောင်ကုန်းကြားထိ လမ်းဘေးဝဲယာဘုရားများပေါ်တွင် ပေါက်ရောက်နေသော အပင်များရှင်းလင်းခြင်း၊ ဘုရား အောက်ခြေရှိ သစ်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာရှိ အမှိုက်ကောက်သန့်ရှင်း ခြင်းနှင့်ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း