မိုးနဲ ဒီဇင်ဘာ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမနေရာ၌ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအဖြစ် ယမန်နေ့နံနက်ပိုင်းက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့သည်။ ထို့နောက် မူလတန်းအဆင့် ကျောင်းသား/သူလေးများက မိမိတို့ရရှိသော ရုပ်ပုံအလိုက် စိတ်ကြိုက်ခြယ်သကာ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/သူလေးများအနေဖြင့် ကျောင်းစာအပြင် ပြင်ပအတွေးအခေါ် အကြံအဆများရရှိခြင်း၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များ ပေါ်ပေါက်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး ပြိုင်ပွဲအတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ ပြိုင်ပွဲများပြုလုပ်ရာတွင်လည်း ပါဝင်ယှဉ်ပြိုင်ရဲသည့် သတ္တိများပေါ်ထွက်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့နယ်ရုံးအနေဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး၊ စာဖတ်ရှိန်မြင့်တင်ရေးနှင့် ဘက်စုံထူးချွန်စေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို