အလုံမြို့နယ်၌ ပင်စင်စားမိဘပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အလုံ  ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ပင်စင်စားမိဘပြည်သူများအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို  ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ် ကြည့်မြင်တိုင်ဘဏ်ခွဲသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်မေသန်းမြင့်ထွေး ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ် ကြည့်မြင်တိုင်ဘဏ်ခွဲသို့သွားရောက်ပြီး ပင်စင်စားမိဘပြည်သူ သက်ကြီးပုဂ္ဂိုလ်အမျိုးသား(၂၈)ဦး၊ အမျိုးသမီး(၂၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယောဧရာ