မြစ်သား ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြစ်သားမြို့နယ် ရွာခိုင်ကြီးကျေးရွာရှိ အောင်ငွေဖြိုး စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့်ဝန်ထမ်းများက ရွာခိုင်ကြီးကျေးရွာရှိ အောင်ငွေဖြိုး စက်သုံးဆီအရောင်းဆိုင်တွင် မီးလန့်မှုနှင့်မီးလောင်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီး၊ ရေနှင့် မီးသတ်ဆေးဘူးများ အဆင့်ဆင့်ထားရှိမှုနှင့် မီးသတ်ဆေးဘူးများ စနစ်တကျ ပြင်ဆင်ထားရှိပြီး လေပေါင်ရှိ/မရှိတို့ကို စစ်ဆေးကာ မီးဘေးအန္တရာယ်ဆိုင်ရာတို့ကို အသိပညာပေး လိုက်လံစစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)