ဇမ္ဗူသီရိ ဒီဇင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ သင်တန်း၌ အရေးပေါ်မီးငြှိမ်းသတ်ရေး၊ အန္တရာယ်ရှိ ဓာတုဗေဒပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်နှင့် အထပ်မြင့်အဆောက်အဦများအား မီးဘေးလုံခြုံမှု ရှိစေရေးနှင့် အရေးပေါ်လွတ်မြောက်မှုအတွက် ထည့်သွင်းတပ်ဆင်ထားရမည့် ခေတ်မှီ Fire Protection System များ၊ လျှပ်စစ်သုံးယာဉ် (Electric Vehicle) မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာဘာသာရပ်များကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနများမှ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား/သူ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)