ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြား

နေပြည်တော် ဒီဇင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွင်းရှိ မြို့နယ်ရုံးများမှ ဝန်ထမ်းများအား တစ်ဦးချင်းအရည်အသွေးများ တိုးတက်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယ‌မန်နေ့နံနက်ပိုင်းက ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဝန်ထမ်းများအနေဖြင့် မိမိဌာနလုပ်ငန်းများကို အမှန်တကယ်ကျွမ်းကျင်တတ်မြောက်ရေးအတွက် စနစ်တကျလေ့ကျင့်သင်ကြားပေးရန်နှင့် ဝန်ထမ်းများအားလုံး စဉ်ဆက်မပြတ် လေ့လာသင်ယူမှုများ ဆောင်ရွက်ရန် အမှာစကားပြောကြားသည်။

ထိုနောက် သင်တန်းနည်းပြများဖြစ်သည့် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်း‌မေစုအောင်တို့က ပြည်ထောင်စုရာထူးဝင်အဖွဲ့က ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပို့ချ‌သည်။

အဆိုပါသင်တန်းသို့ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရုံးများမှ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၁၀) ဦးတက်ရောက်ကြပြီး သင်တန်းတွင် ရုံးလုပ်ငန်းသဘောတရား၊ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း၊ ထွက်စာများကို အရေးယူဆောင်ရွက်ခြင်း၊ စာရွက်စာတမ်းများ လုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်း၊ ရုံးစာရေးသားနည်း၊ စာပေးစာယူ၊ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ စာတွဲခြင်းနှင့် စာတွဲထိန်းသိမ်းခြင်းစသည့်အ‌ကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချဆောင်ရွက်‌ပေးခဲ့ကြောင်း‌ သိရသည်။

အောင်သူရဦး(ပြန်/ဆက်)