မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်၏ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာဘဟန်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပသည်။ အဆိုပါကြက်တောင်ရိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲတွင် သင်္ချာ၊ ဥပဒေ ပညာ၊ သတ္တဗေဒ၊ ဓာတုဗေဒ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ပထဝီဝင်၊ အရှေ့တိုင်းပညာ၊ ရုက္ခဗေဒ၊ မြန်မာစာ၊ ဘူမိဗေဒ  ပြိုင်ပွဲဝင်အသင်း (၁၁) သင်း၊ အမျိုးသမီးပြိုင်ပွဲတွင်  ရူပဗေဒ၊ ရုက္ခဗေဒ၊ ပထဝီဝင်၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ဓာတုဗေဒ ပြိုင်ပွဲအသင်း ၇ သင်း ပါဝင်ယှဉ်ပြိုင်ကြောင်း၊ အခမ်းအနားသို့ ပါမောက္ခချုပ်ဒေါက်တာဘဟန်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြကြောင်း သိရသည်။

ချမ်းသာ