မိုင်းနောင် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား မိဘပင်စင်စားများအား ပင်စင်လစာများကို ယနေ့နံနက်(၈) နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်စားများအား လစဥ်ပုံမှန်(၂၁)ရက်နေ့တွင် ထုတ်ပေးလျက်ရှိရာ ပင်စင်လစာများ အဆင်ပြေချောမွေ့စွာထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိ ဝန်ထမ်းများသည် ပင်စင်ထုတ်ရက်မတိုင်မီ စာရင်းဇယားများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားပြီးအချိန် ကြန့်ကြာမှုမရှိစေရေးနှင့်အဆင်ပြေစွာ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ထားရှိကြောင်း ဘဏ်မန်နေဂျာ ဦးအောင်သိုက်ထံမှ သိရသည်။
မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်စားများအား ပင်စင်ထုတ်ရက်တွင်လည်း မိဘပြည်သူများ၏ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနေကြောင်း သိရပါသည်။
မိုးသောက်(မိုင်းနောင်)