ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေး

ကျောက်ဆည် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ကျောင်းအဆောင်များ၊ ခြံဝန်းများ၊ ကျောင်းဝန်းအတွင်း ကွန်ကရစ်လျှောက်လမ်းများ၊ ရေသန့်စက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် (၂၀၂၄-၂၀၂၅)ခုဘဏ္ဍာနှစ်တွင် ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသည် ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အလျား(၃၈၂)ပေ၊ အနံ(၁၁၂)ပေ၊ ဧရိယာ (၀.၉၁) ကျယ်ဝန်းပြီး အလျား (၅၄) ပေ၊ အနံ (၁၈) ပေ၊ အမြင့် (၁၆) ပေရှိ အဆောင် (၁)၊ အလျား (၂၈) ပေ၊ အနံ (၁၄) ပေ၊ အမြင့် (၁၂) ပေရှိ အဆောင် (၂) အလျား (၆၀) ပေ၊ အနံ (၃၀) ပေရှိ ကံ့ကော်အဆောင်၊ စုစုပေါင်း စာသင်အဆောင် (၃) ဆောင်ဖြင့် ပညာသင်ကြားလျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခု ပညာသင်နှစ်တွင် KGတန်းတွင် ကျောင်းသား/ ကျောင်းသူ (၁၈) ဦး၊ GRADE-1 တန်းတွင် (၁၅) ဦး၊ GRADE-2 တန်းတွင် (၁၃) ဦး၊ GRADE-3 တန်းတွင် (၂၁) ဦး၊ GRADE-4 တန်းတွင် (၂၂) ဦး၊  GRADE-5 တန်းတွင် (၁၃) ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၁၀၂) ဦး  ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

အဆိုပါဆောက်လုပ်သော ကျောင်းဆောင်သစ်သည် (၁၉၇၅) ခုနှစ်၌ ဆောက်လုပ်ခဲ့သည့် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်းပြီး ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာယူနိုင်ရေး နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ (၉၅.၄၀၀) ကျပ်သန်းဖြင့် အလျား (၆၀) ပေ၊ အနံ (၃၀) ပေ Steel Structure ကျောင်းအဆောင်အသစ် (၁) ဆောင် ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။    

သက်မောင်