ချောင်းဆုံ ဒီဇင်ဘာ ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ဆရာ၊ ဆရာမများအား အရည်အသွေးမြှင့်တင်ရေးအနေဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနမှ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်(Grade-5) (Grade-9) သင်ကြားမှု သင်ယူမှု အရည်အသွေးမြှင့်ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် (၉)နာရီက အ.ထ.က(ချောင်းဆုံ) ကျောင်းတွင် ပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲသင်တန်းကို သင်ကြားရေးလုပ်ငန်းများ ထိရောက်အောင်မြင် လာစေရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၁၁)ကျောင်းများမှ(Grade-5) နှင့်(Grade-9) သင်ကြားရေးဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၆၆)ဦး တို့အား နည်းပြ ဆရာ၊ ဆရာမ(၂၈)ဦးတို့မှ ဒီဇင်ဘာ (၂၃) ရက်နေ့မှ (၂၉)ရက်နေ့အထိ (၄) ရက်ကြာသင်ကြားပို့ချခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)