မဟာအောင်မြေ ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မန်းမြို့ဈေးအား မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအတွက် ဈေးဆိုင်ခန်းများရှိ ပစ္စည်းသိုလှောင်ထားရှိမှု၊ လျှပ်စစ်မီးကြိုးသွယ်တန်းထားရှိမှု၊ မီးသုံးစွဲမှု အစရှိသည်တို့ကို မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ ခရိုင်/ မြို့နယ်မီးသတ်ဦးစီးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ ဒီဇင်ဘာ (၂၁) ရက်နေ့က လိုက်လံစစ်ဆေးခဲ့သည်။
ထို့နောက် မီးလန့်မှု/ မီးလောင်မှုများ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းများအမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ရေကန်နှင့် မီးသတ်ရေငုတ်များအား ထပ်မံစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးမှ မီးသတ်ရေငုတ်များ လိုအပ်သည့်ရေ pressure ရရှိအောင် ဆောင်ရွက်ထားရန် ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း