ကျောက်ဆည် ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ပင်တလည်ကျေးရွာအုပ်စု၊ ထားဝယ်ကျေးရွာတွင် ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် လူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာများ (အခမဲ့) သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထားဝယ်ကျေးရွာသည် မိုခါမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သော ကျေးရွာတစ်ရွာဖြစ်ပြီး ပြည်သူများ နေ့စဉ်ဝင်ငွေရရှိပြီး စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပန်းကန်ဆေးဆပ်ပြာထုတ်လုပ်နည်း၊ ဘက်စုံသုံးဆပ်ပြာထုတ်လုပ်နည်း၊ သဘာဝခေါင်းလျှော်ရည်ထုတ်လုပ်နည်း စသည့် နည်းပညာများကို စာတွေ့လက်တွေ့ သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် ဆပ်ပြာအမျိုးမျိုးနှင့် ခေါင်းလျှော်ရည်အမျိုးမျိုးတို့ကို အရင်းအနှီးနည်းနည်းဖြင့် ကိုယ်တိုင်ပြုလုပ်နိုင်ပြီး မိသားစုအပိုဝင်ငွေများ အလွယ်တကူ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ (၁၈) ရက်မှ (၂၂) ရက်နေ့အထိ (၅) ရက်အကြာ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်