မောက်မယ် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စျေးတန်း)၌ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ မွန်းတည့် ၁ နာရီက အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမြို့နယ်အဆင့်ပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများ၊ တာဝန်ရှိသူများတက်ရောက်ပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့်မှ ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)