ဟိုပုံး ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့များနှင့် စားသောက်ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးရာတွင် ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ ကျောင်း၊ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများက နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဌာဆိုင်ရာဝန်ထမ်းများ စားဝတ်နေရေးတစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးကိုရှေးရှု၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဆင့်ရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအတွက် ကြက်ဥ၊ နွားနို့၊ ဒိန်ချဉ်၊ ဝက်သား၊ စားသောက်ကုန်ပစ္စည်းများ၊ စက်ရုံထုတ်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြန့်ဖြူးရောင်းချပေးနေမှုအား တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)