ဟိုပုံး ဒီဇင်ဘာ ၂၃
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ဟိုပုံးတပ်နယ်တွင် ဒီဇင်ဘာအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှေ့မှစတင်၍ ဟိုပုံး-လွိုင်လင်သွား ပြည်ထောင်စုလမ်းမကြီးမှတဆင့် ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်း သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ တပ်နယ်အတွင်းရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၊ အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့မှ အရာရှိကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ မိသားစုများမှစုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ အတွဲ(၂) ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)