ဒဂုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဒဂုံအရှေ့ ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒဂုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ်အားကစားရုံ (၁) ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ကစားသမားများက အားကစားသစ္စာဓိဌာန်ရွတ်ဆိုခဲ့ကြသည်။ ဘော်လီဘောပြိုင်ပွဲအား ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များ၌ ကျင်းပသွားမည်ဖြစ်ရာ ရူပဗေဒဌာန၊ ဓာတုဗေဒဌာန၊ သမိုင်းဌာန၊ ဘူမိဗေဒဌာန၊ ကွန်ပျူတာသိပ္ပံ၊ ဥပဒေပညာနှင့် အားကစားပညာတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူး ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)