တွံတေး ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မငေးအလယ်ကျေးရွာအုပ်စု၊ ကွန်တာကျေးရွာသို့သွားရောက်၍ ကျေးရွာပြည်သူများအား သွေးတိုးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ကွန်တာကျေးရွာ၊ ရွှေကွန်တာဓမ္မရိပ်သာကျောင်းတိုက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးက မငေးအလယ်ကျေးရွာအုပ်စု၊ ကွန်တာကျေးရွာသို့သွားရောက်၍ ကျေးလက်နေပြည်သူများအား သွေးတိုးရောဂါအကြောင်းကို အသိပညာပေးဟောပြောပေးရာတွင် ပြည်သူလူထု(၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။ ဆက်လက်၍ ကျေးလက်နေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ ကျား (၁၈) ဦး၊ မ(၃၅) ဦး စုစုပေါင်း(၅၃) ဦးတို့အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး စင်္ကြာမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ လှူဒါန်းသောဆေးဝါးများဖြင့်လည်း ကုသိုလ်ပြုခဲ့ကြောင်းသိရှိရသည်။
တွံတေးသား