ငါန်းဇွန် ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်၊ အလယ်တန်းဆင့် Grade(5,9) သင်ကြားသင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းက သင်ကြားသင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်သော ကိစ္စရပ်များ၊ စာမေးပွဲကိစ္စရပ်များကို အတိုချုပ်ရှင်းလင်းပြောကြားသည်။ ထို့နောက် လက်ထောက်ပညာရေးမှူး ဦးအောင်ဆန်းက သင်တန်းနှင့် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးပွဲသို့ တက်ရောက်လာသော Grade(5, 9) ဆရာ ဆရာမများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်၊ အလယ်တန်းဆင့် Grade(5, 9)ဆွေးနွေးပွဲ၌ အခြေခံပညာမူလတန်းဆင့် Grade(5)တွင် နည်းပြဆရာ ဆရာမ (၁၄)ဦးနှင့် တက်ရောက်သူ ဆရာ ဆရာမ (၃၁၁)ဦး ရှိပြီး၊ အခြေခံပညာအလယ်တန်းဆင့် Grade(9)တွင် နည်းပြဆရာ၊ ဆရာမ (၁၂)ဦးနှင့် တက်ရောက် သူ ဆရာ၊ ဆရာမ(၁၅၃)ဦးရှိကြောင်းနှင့် အဆိုပါဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ နေ့စဉ် နံက် ၉ နာရီမှ ညနေ ၃ နာရီခွဲအချိန်အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)