မြစ်သားမြို့နယ်တွင် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် (Grade 5/9) အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းအခမ်းအနားကျင်းပ

မြစ်သား ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (Grade 5/9 )သင်ကြားပေးသော ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်ပေးရန် ရည်ရွယ်၍ ခြေခံပညာ မူလတန်းနှင့်အလယ်တန်းအဆင့်(Grade5/9) အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းကို ရွှေသူ‌ဌေးရပ်ကွက်အတွင်းရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းမှူး ဒေါ်ပြုံးကြည်(မြို့နယ်ပညာရေးမှူး)က အဖွင့်အမှာစကားပြောကြားခြင်းခြင်းနှင့်အတူ သင်တန်းသား၊ သင်တန်းသူများကို   သင်တန်းဆိုင်ရာ စည်းကမ်းများနှင့် သင်ကြားပေးသည့် အတွေ့အကြုံများကို မိမိတို့ကျောင်းသို့ရောက်ရှိသည့်အခါ‌  ကျောင်းအုပ်ကြီး များ၏ကြီးကြပ်မှုကို ခံယူပြီး မိဘ၊ ဆရာ၊ ကျောင်းသား(၃)ဦး ပေါင်းစပ်၍ ဟန်ချက်ညီအောင် ဆောင်ရွက်ခြင်းအားဖြင့် မူလတန်း၊ အလယ်တန်းအဆင့်သင်ကြားရေးလုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသင်တန်းတွင် မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ မူလတန်း၊ အလယ်တန်းသင်ပြသော သင်တန်းသား၊ သင်တန်းသူ(၄၂၄)ဦးဖြစ်ပြီး သင်တန်းနည်းပြ(၃၅)ဦး နှင့်သင်တန်းမှူး(၁)ဦး တက်ရောက်၍ ထိုသင်တန်းကို ဒီဇင်ဘာလ(၂၄)ရက်နေ့မှ (၂၄)ရက်‌နေ့အထိ စာ‌တွေ့၊ လက်တွေ့ သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)