မိုင်းဖြတ် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံချက်ဖြင့် ပထမဦးစားပေးကျေးရွာဖြစ်သည့် နမ့်လန်းကျေးရွာ မြေငှားဂရန်များ ထုတ်ပေးသည့် အခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက ကျေးရွာနေ ပြည်သူများအတွက် မြေငှားဂရန်များထုတ်ပေးရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေနှင့် မိုင်းဖြတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးတို့က နမ့်လန်းကျေးရွာမှ ဒေသခံပြည်သူ (၄၆)ဦးတို့အား (၁၀) နှစ်သက်တမ်းရှိ မြေငှားဂရန်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နမ့်လန်းကျေးရွာမှ ဦးစိုင်းကျောက်က ကျေရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)