ရာသီဥတုညွှန်းကိန်း သီးနှံအာမခံရေကြီးနစ်မြုပ် ပျက်စီးမှုအတွက် လျော်ကြေးငွေ ပေးအပ်

ရမည်းသင်း ဒီဇင်ဘာ ၂၂

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်နေသည့် ရာသီဥတုညွှန်းကိန်း သီးနှံအာမခံလုပ်ငန်း၏ ရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် တောင်သူများအား လျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီက ရမည်းသင်းခရိုင်၊ မြန်မာ့အာမခံလုပ်ငန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံဒေါ်သဇင်ကြည်နှင့် ဝန်ထမ်းများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ထွေးထွေးသိန်းနှင့် ဝန်ထမ်းများ၊ ရေကြီးနစ်မြုပ်ခဲ့သည့် မြင်းနားကျေးရွာမှတောင်သူများ တက်ရောက်ခဲ့သည်။ ထို့နောက် ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာမှ ရေကြီးနစ်မြုပ်ခဲ့သည့် တောင်သူ (၁၅၁) ဦး၏ လယ်ဧက (၂၄၅)ဧကအတွက် စုစုပေါင်းလျော်ကြေးငွေ ကျပ် ၁၀.၉၃၅ သန်းအား တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ တောင်သူများက လက်ခံခဲ့ကြောင်း သိရသည်။

မြတ်နိုးသူ (ပြန်/ဆက်)