(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ  ၂၁

၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက  ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက “လွတ်လပ်ရေးတန်ဖိုး”ခေါင်းစဥ်ဖြင့်  ကဗျာပြိုင်ပွဲနှင့် စိတ်ကြိုက် ပုံပြင်ပြောပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့်ဝန်ထမ်းမျာက အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲကို  ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)