မိုင်းခုတ်မြို့ဈေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်

မိုင်းခုတ် ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က မိုင်းခုတ်မြို့ဈေးဆိုင်များအား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းခုတ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ နယ်မြေရဲစခန်းမှူး ဦးတင်မိုး၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသက်လွင်ဇော်နှင့် အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာ‌ရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်နန်းကျန်ရှဲန်တို့က‌ ဈေးဆိုင်များ မီးဘေးလုံခြုံမှုရှိစေရေးမီးသတ်‌ဆေးဘူးများ တပ်ဆင်ထားရှိ‌မှုများအား ကြည့်ရှုစစ်‌ဆေးပြီး၊ မီးဖိုမီးအသုံးပြု‌သောဈေးဆိုင်များအား‌ စနစ်တကျမီးငြှိမ်းသတ်ကြရန်နှင့် အမှိုက်များအား မီးရှို့ခြင်းမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြ‌ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)