မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲကျင်းပ

မိုင်းစံ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေး‌နေ့ အထိမ်းအမှတ်အကြို‌ ဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲအား ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က မိုင်းစံမြို့‌ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးမှ ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်များအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များနှင့် လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံသမိုင်းအကြောင်းအရာများအား အကျယ်တဝင့်ဟောပြောခဲ့ကြောင်း  သိရှိရပါသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗိုလ်ချုပ်အောင်ဆန်း၏ဘဝပုံရိပ်  မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှု့လေ့လာကြကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)