ကလော ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့တွင်ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် ကလောမြို့နယ်ရှိ နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ၄၅မိနစ်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ချီးမြှင့်ငွေပေးအပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေအိမ်ထိခိုက်ပျက်စီးသွားသည့်ပြည်သူ(၃၄၂)ဦးတို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်တို့က နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ပြည်သူ (၃၄၂)ဦးတို့အား အားပေးစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကလောမြို့နယ်အတွင်းရှိ နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူတစ်ဦးလျှင် ငွေကျပ် တစ်ဆယ့်ခုနှစ်သိန်းငါးသောင်းကျပ် (၁,၇၅၀,၀၀ဝိ/)နှုန်းဖြင့် ပြည်သူ(၃၄၂)ဦးတို့အား တစ်ဦးချင်းလက်ဝယ်အရောက် ချီးမြှင့်ငွေပေးအပ်ခဲ့သည်။ ထို့နောက် နေအိမ်ထိခိုက်ပျက်စီးသွားသည့် ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ကလောမြို့နယ်ရှိ နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူ ၁၂၄၉ ဦး ရှိသည့်အနက် ယနေ့တွင် (၃၄၂)ဦးကို ချီးမြှင့်ငွေပေးအပ်ခဲ့ပြီး ကျန်ရှိနေသောရေဘေးသင့်ပြည်သူများအား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)