လွိုင်လင်မြို့မဈေးကြီး၌ မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြ

လွိုင်လင် ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ မီးငြှိမ်းသတ်‌ရေး လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးရှေ့၌ ပြုလုပ်ခဲ့သည်။

မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းဌေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်နှင့် ဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦး‌ဇော်ဝင်း ဦးဆောင်၍ အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုနည်း၊ လက်တွေ့မီးငြှိမ်းသတ်မှုများကို သရုပ်ပြရာ ဈေးသူ၊ ဈေးသားများနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ကိုယ်တိုင်ပါဝင်၍ လက်တွေ့မီးငြှိမ်းသတ်ကြသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေယာဥ်များဖြင့် သရုပ်ပြခြင်းများကို ဆက်လက်ပြသခြင်းများဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့သည် မြို့မဈေးကြီးအတွင်း၌ အရေးပေါ်မီးငြှိမ်းသတ်ရန်ထားရှိသော မီးသတ်ပိုက်များလုံခြုံမှု ရှိ၊ မရှိ လိုက်လံကြည့်ရှုစစ်ဆေးပြီး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)