ပင်းတယ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ ညနေ ၃ နာရီက Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာလူထုစိန်ဝင်း ရေးသားသည့် “လူကြီးလူငယ်ကွာဟမှု”စာအုပ်မှ “လူကြီးလူငယ်ကွာဟမှု” ဟူသောခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဦးဝေးဖြိုးအောင်က အဆိုပါစာအုပ်မှ “အင်တာနက်က ကမ္ဘာကြီးကို ကယ်တင်မယ်” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့်Book Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)