ကျောက်တလုံးကြီး ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့်အလေ့အထများ တိုးပွားလာစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် စာအုပ်၊ စာစောင်များ ဌားရမ်းပေးခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီက ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ နယ်လှည့်စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ/ရသစာအုပ်များ၊ ကလေးစာပေများ၊ မဂ္ဂဇင်းစာအုပ်များစသည့် ဗဟုသုတရဖွယ်စာအုပ်များဖြင့် ကွင်းဆင်းငှားရမ်းပေးရာ ကျောင်းသား/ကျောင်းသူများက စိတ်အားထက်သန်စွာဖြင့် ငှားရမ်းခဲ့ကြပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်သည်။
အဆိုပါ နယ်လှည့်စနစ်ဖြင့် အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများသို့ သုတ၊ ရသစာအုပ်/စာစောင်များ ဌားရမ်းပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက တစ်လလျှင် (၂)ကြိမ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန္တာ