မြောက်ဥက္ကလာပမြို့နယ်တွင် တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနတို့ပူးပေါင်း၍ တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို ယမန်နေ့နံနက် နာရီက () ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်နေပြည်သူများကို တီဘီရောဂါလက္ခဏာ ရှိ၊ မရှိ စစ်ဆေးရာတွင်  မိမိတို့မိသားစုအတွင်း တီဘီဆေးသောက်သုံး နေရသူများ ရှိ၊ မရှိ မေးမြန်းခြင်း၊ တီဘီရောဂါ သံသယလက္ခဏာများ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခြင်း၊ တီဘီရောဂါ သံသယလက္ခဏာတွေ့ရှိသူများရှိပါက သလိပ်စစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ ပြည်သူ (၈၉) ဦးအား တီဘီရောဂါ ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)