မိုင်းဖြတ်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ (BDMC) ရက်တို သင်တန်း ဖွင့်လှစ်

မိုင်းဖြတ် ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝ​ဘေးအန္တရာယ်များ ရင်ဆိုင်ကြုံ​တွေ့ပါက မိမိတို့ရပ်ရွာ​ဒေသများတွင် ပူး​ပေါင်းပါဝင်​ဆောင်ရွက်နိုင်​စေရန်အတွက်ရည်ရွယ်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဖွင့်လှစ်သည့် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု(BDMC)အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက ရာသီဥတု​ဖောက်ပြန်ခြင်းကြောင့် သဘာဝ​ဘေးအန္တရာယ်များကိုရင်ဆိုင်ကြုံ​တွေ့​နေရ​ကြောင်း၊ သဘာဝ​ဘေးများ​ကြောင့် လူတို့၏အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်းကိုခံစားရ​ကြောင်းနှင့် ထိုကဲ့သို့ပျက်စီးဆုံးရှုံးမှုများ ​လျော့နည်း​စေ​ရေးအတွက် ယခုလို သင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့်စပ်လျဥ်း၍ အမှာစကား​​ပြောကြားခဲ့သည်။ ထို့​နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်ရည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း​​ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းကို ဆွေး​နွေးပို့ချခဲ့ရာ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ဝေါဟာရများ၊ သဘာဝ​ဘေးအန္တရာယ်အမျိုးအစားများ၊ ကြိုတင်ပြင်ဆင်ခြင်းနှင့်ကြိုတင်ကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် သတင်းအချက်အလက်များရယူ​ပေးပို့ခြင်းစသည့် ဘာသာရပ်များကို ​ဆွေး​နွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာ​ရေးများ၊ သင်္ဂဟလူမှုကူညီရေးအသင်းဝင်များ စုစုပေါင်းအင်အား (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)