ကျိုင်းတုံ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဖွင့်ပွဲကို ယမန်နေ့က ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အဆိုပါရုံး၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးလှိုင်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများထံ ကျိုင်းတုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး ဖွင့်ပွဲအထိမ်းအမှတ်အလံများကို ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူးများက ကျိုင်းတုံခရိုင်ပတ်ဝန်းကျင်ထိန်းသိန်းရေးဦးစီးဌာနရုံး ကမ္မည်းမော်ကွန်းဆိုင်းဘုတ်ကို အမွှေးနှံ့သာရည်များဖြင့်ပက်ဖျန်းကြပြီး ရုံးအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)