ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်၊ နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ

ကျိုင်းတောင်း  ဒီဇင်ဘာလ  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ ညနေ(၃) နာရီအချိန်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်၊ နံရံကပ်ဓာတ်ပုံပြပွဲကျင်းပဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

အဆိုပါ လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲကို ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက်ကျင်းပခဲ့ပြီး လွတ်လပ်ရေးနေ့နှင့် ပက်သက်သော နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်များကို စနစ်တကျ ခင်းကျင်း ပြသပေးခဲ့ကြောင်းသိရှိရပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ကျင်းပသော လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်၊ နံရံကပ်ဓာတ်ပုံပြပွဲသို့ ကျိုင်းတောင်းမြို့ကျောင်းအသီးသီးရှိ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာဖတ်ရှုခဲ့ကြပြီး စာအုပ်များငှာရမ်းခဲ့ကြောင်းသိရပါသည်။ ထို့နောက် လွတ်လပ်ရေးနှင့်ပက်သက်သော နံရံကပ်စာစောင်၊ နံရံကပ်ဓာတ်ပုံများကို စိတ်ပါဝင်စား ဖတ်ရှုလေ့လာခဲ့ကြသည်။

ကိုကို(ပြန်/ဆက်)