လဲချားမြို့နယ် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောခြင်းနှင့် ကဗျာရွတ်ခြင်း Activities ဆောင်ရွက်

လဲချား ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်​တောင်ပိုင်း၊ လဲချားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များစာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကလေးစာကြည့်တိုက်အပေါ်စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန် ကလေးစာဖတ်ခန်း Activities ကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါကလေးစာဖတ်ခန်း Activities တွင် ဒုတိယဦးစီးမှူးဒေါ်ဟေမွန်ဦးက ကလေးများအားပုံပြင်ပြောပြစေခြင်း၊ ကဗျာများဖတ်ပြစေခြင်းများအပြင် ပုံပြင်များ၏ အနှစ်သာရရည်ရွယ်ချက်များမေးမြန်းခဲ့ရာ ကလေးငယ်များမှ​ပျော်ရွှင်၍ စိတ်ပါဝင်စားစွာ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)