စမ်းချောင်း ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်(၁၁)နာရီက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်ဘပ်ရေးရအောင် ကြိုးပမ်းခဲ့ကြပုံနှင့် လွတ်လပ်ရေးနေ့ကျင်းပရခြင်း အကြောင်းအရာများကို ဟောပြောခဲ့သည်။
တို့နောက် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အ-မ-က(၁၃) စမ်းချောင်းမှ ကျောင်းသား/ ကျောင်းသူများက ၀င်ရောက်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား/ ကျောင်းသူများအား ဆုများပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ကျောင်းသား ကျောင်းသူ (၃၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား ကျောင်းသူလေးများက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာလေ့လာ ကြည့်ရှူ့ခဲ့ကြကြောင်းသိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)