မိုးနဲမြို့နယ် နောင်မြိုင်းကျေးရွာအုပ်စုရှိ နမ့်စလိုင်ချောင်းရိုး တာပေါင်ပြုပြင်နေမှုအား ကြည့်ရှု

မိုးနဲ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ သဘာဝဘေးရေကြီးနစ်မြုပ်မှု‌ကြောင့် ထိခိုက်ပျက်စီးသွားသော နောင်မြိုင်းကျေးရွာအုပ်စုရှိ နမ့်စလိုင်ချောင်းရိုးတာပေါင်အား တောင်သူများစုပေါင်း၍ ပြန်လည်ပြုပြင်နေမှုအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ တောင်သူကိုယ်စားလှယ်များ၊ ကော်မတီဝင်ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မော်ဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနဦးစီးမှူး ဦးထွန်းဝင်းတို့က တာပေါင်ပြုပြင်နေမှုအခြေအနေနှင့် ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုအားပေးကာ လုပ်ငန်းအတွက်လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရေကြီးနစ်မြုပ်မှု‌ကြောင့် ထိခိုက်ပျက်စီးခဲ့‌သော မိုးစပါးစိုက်ဧရိယာများတွင်‌ ဆောင်းသီးနှံများပြန်လည်စိုက်ပျိုး‌နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)