တာလေမြို့၊ ဗေတလရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ‌ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

တာလေ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တာချီလိတ်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက နားယောင်းကျေးရွာအုပ်စု၊ ဗေသလကျေးရွာရှိ ဗိုလ်လုံဦးကျာရှော အောက်မေ့ ဘွယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တာလေမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွေးဝင်းက စက်ချုပ်သင်တန်းမှ ထူးချွန်သင်တန်းသူများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းပေးအပ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တာလေမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဗေသလ၊ တောင်သုံးလုံးနှင့် မယ်လိတ်ပါကော်ကျေးရွာတို့မှ ထူချွန်သင်တန်းသူ (၁၅) ဦးကို အပ်ချုပ်စက်၊ ဒါးစက်၊ ဘီတင်စက်၊ ထုပ်သီးရိုက်စက်နှင့် မှိုလ် စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သည်။

အဆိုပါ  ဗေသလ(လားဟူ)ကျေးရွာ၊ တောင်သုံးလုံး(ချင်း)ကျေးရွာ၊ မယ်လိတ် ပါကော်(အာခါ) ကျေးရွာများတွင် ကျွမ်းကျင်နည်းပြ ဆရာမများက စက်ပစ္စည်း ထိန်းသိမ်းနည်း၊ ဓားစက်အပ် ချည်ထိုးနည်း၊ လက်ချုပ်နည်း၊ ကြယ်သီးဖောက်နှင့် အမျိုးသမီးဝတ် အထည်အမျိုးမျိုး၊  Ready Made အင်္ကျီပုံစံ အမျိုးမျိုး ချုပ်နည်းများကို ကျွမ်းကျင်တတ်မြောက်သည်အထိ စာတွေ့လက်တွေ့ နှစ်မျိုးဖြင့် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း (၄၅) ရက်ကြာ အခမဲ့သင်ကြားဖွင့်လှစ် ပို့ချခဲ့သည့် စက်ချုပ်သင်တန်းများမှ ရွေးချယ်ပြီး ထူးချွန် သင်တန်းသူ (၁၅) ဦးကို လုပ်ငန်းထူထောင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများအား  တာချီလိတ်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ပေးအပ်ကြောင်း သိရသည်။

မိုးလရောင် (ပြန်/ဆက်)