ကျောက်ဆည်မြို့တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲကို ကျောက်ဆည်မြို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက အာလူးကောက်၊ အိတ်စွပ်၊ ခါးကွင်းလှည့်စသည့် အားကစားနည်းမျိုးစုံတို့အား ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားဝါသနာပါလာပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ဘက်စုံထူးချွန်ပြီးသော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်အတွက် အားကစားနည်းမျိုးစုံတို့ကို ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)