မိုင်းယောင်း ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူ ကလပ်အသင်းအဖွဲ့များသည် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာ ဒေါက်တာခင်စန်းမော် ရေးသားသည့် “ပညာရှင်စိတ်ထား”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူ ကလပ်အသင်းအဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဒေါက်တာခင်စန်းမော် ရေးသားသည့် ပညာရှင်စိတ်ထားစာအုပ်မှ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းအကြောင်းကို ဦးဆောင်ဖတ်ကြားခဲ့သည်။
ထို့နောက် Book Club မှ ဒေါ်နန်းလျိုးရှဲန်မုန်းက ဘဝလှေကားထစ်များအကြောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖောင်းက ပညာရှင်စိတ်ထားများအကြောင်း၊ Youth Club မှ ဦးရဲရင့်အောင်က ရွေးချယ်မှုအကြောင်း၊ Woman Club ဒေါ်ဝင်းမာနွယ်က ကျန်းမာမှ ချမ်းသာအကြောင်းတို့ကို ဖတ်ကြားခဲ့ကြပြီး မိမိတို့ဖတ်ခဲ့သည့် အကြောင်းအရာနှင့် စာပေမှရရှိသည့် အသိပညာဗဟုသုတများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။
ဝေဝေခိုင်(ပြန်/ဆက်)